အိမ်မက်
လူတိုင်းမှာ အိမ်မက် ကိုယ်စီရှိကြသည်ပေါ့ ။
ကျွန်မမှာ လဲအိမ်မက်တွေ ရှိနေပါတယ်။ ထူးဆန်းနေသည်ကတော့ အသက် ၃၃ နှစ် ပြည့်တော့မဲ့ မိန်းမတယောက် ဟာ သူအိမ်မက်တွေ အတွက် အရာရာေ၀၀ါးနေသည်ဆိုတာ ပါပဲ။ အိမ်မက် ဆိုတဲ့ စိတ်ကူး တွေကတော့ မက်ခွင့် ရှိနေပေမယ့် အိမ်မက်တွေ အကောင်အထည် ဖော် ဖို့ကတော့ အိမ်မက်ဆိုတဲ့ စိတ်ကူး တစ်ခု တည်းနဲ့ မပြည့်စုံတာ ကို တွေ့လာရတယ်။ အိမ်မက်တွေဘယ်လို အကောင်အထည် ဖော်မလဲ။
ဒီအိမ်မက်တွေ ထဲမှာ တစ်ခုကတော့ ကိုယ့်ဘ၀ကို မည်သူတစ်ဦးတစ်ယောက်ရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိမနေဖို့ ကလဲ ကျွန်မအိမ်မက်တစ်ခုဖြစ်နေခဲ့ တယ်။
အသက် ၃၃ နှစ် အရွယ်မှာ အိမ်မက်တွေ ကို မျှော်လင့်တကြီး မက်နေမိတာ က ရီစရာ တစ်ခု ပေါ့ ။ အဲဒီထဲ မှာ မှ ညီအကိုမောင်နှမ တွေ ရဲ့ လွှမ်းမိုးမှု ကို လွတ်မြောက် ချင် တယ် ဆိုတာ က တော့ တကယ့်ဟာ သကြီး တစ်ခု ပါပဲ။အနှောင်အဖွဲ့ကင်းတဲ့ ဘ၀ ကို မှာ ရှိနေတဲ့အပျိုကြီး ကျွန်မ ရဲ့ ဒီလို အသက်အရွယ် မှာ အမှန် တကယ် ဖြစ်သင့် တာ က ကိုယ့်စိတ်နဲ့ ကိုယ် ကိုယ် ကိုယ့်လမ်း ကိုယ်လျောက် လို့ ကိုယ့် ဘ၀ ကိုယ့်အသက်မွေးဝမ်းကြောင်း နဲ့ ရပ်တည် လို့ ဘ၀ ကို အခြေတကျ လေး ဖြစ်နေသင့် တာ မဟုတ်ဖူးလား။ အခုတော့ ကျွန်မ ဘ၀ ရဲ့ ရပ်တည်ချက် အတွက် အာမခံ ချက်ပေးနိုင်တဲ့ ၀င်ငွေဆိုတာ က မရှိ ။ ၀င်ငွေ မရှိတဲ့ အတွက် ကျွန်မ ဟာ အလုပ်မရှိ အကိုင်မရှိဆိုတော့ လည်းမ ဟုတ် ကျွန်မ ရဲ့လှုပ်ရှား မှု ငွေသုံးစွဲမှု လှူ မှုတန်းမှူ တွေ ကို ကိုယ့်စိတ်ဆန အရ လုပ်ပိုင် ခွင့် မရှိသူပေါ့ ရှင်။
ဘယ်လောက် ရီမော ဖွယ် ကောင်းလိုက်တဲ့ ဘ၀ ပါလဲ နော်။ ကျွန်မ ဟာ အလှူ အတန်း ရက်ရောချင်သူ တယောက် ပါ။ ကိုယ့် ကို ကိုအမွှန်းတင်းပြောခြင်း မဟုတ် ရပါ ။ ကျွန် မရဲ့ ပင်ကိုယ် စရိုက် က ကို ၁ ကျပ် ရှိ ရင် အနည်း ဆုံး ၁မတ် လောက် တော့ လှူ ရမယ့် အနေအထားတွေ တွေ့ ရင် လှူ ချင်နေသူ ရယ် ပါ ။ လွန်ခဲ့ သော ၂ နှစ် မတိုင် မီ က ၇နှစ် တာ ကာ လ က ကျွန်မ ဘ၀ မှာ ကျွန်မကိုယ် ကျွန်မ ကျေနပ်ခွင့် ရခဲ့ သူလေ။ ကျွန်မ ၀င် ငွေ ကိုကျွန်မ စိတ် ကြိုက် စီမံ ခန့် ခွဲ ခွင့်  ရှိ သလို ကျွန်မ ဘ၀ ကို လဲ ကျွန်မ စိတ်တိုင်း ကြ ပဲ့ ကိုင်ခွင့် ရရှိခဲ့ တယ်။ ကိုယ့်ကိုယ်ကို ထိန်းရတာ ပို ကြိုက် တဲ့မ ကျွန်မအတွက် အဲဒီအချိန် တွေ ဟာ ကျွန်မ ဘ၀ ရဲ့ ကျေနပ်စရာ အကောင်း ဆုံး ဖြစ်စေခဲ့ တယ် ဆိုတာ က တော့ မလွန် ပါ။
ငယ်စဉ်က လဲ ငယ်စဉ် အလျောက် ကြောက်ရမယ့် သူတွေ ဟာမိဘ ၂ ပါး ကိုတင် မဟုတ် ပဲ ကိုယ့်ထက်ကြီးတဲ့ အကို အမ တွေ ကို ပါ ဖြစ်ခဲ့ ရတာ ကိုကကျွန်မ ရဲ့ မကျေနပ်ချက်တွေ ထဲ ကတစ်ခုပါ။
ဒါတွေ အားလုံး ဟာ ကိုယ့်ကံ ဆိုခဲ့ရင်အဲ ဒီ ကံဆိုတာကြီးဟာကျွန်မရဲ့ မကျေပ်နပ်မှု များထဲမှာ နံပါတ်၁ ပါ။